လမင်းမဟုတ်ခဲ့ရင်တောင်

| |

ကြယ်လေးတွေကို သိပ်အားကျမိတယ်
လမင်းကြီးလောက် မတောက်ပပေမယ့်
အမြဲတမ်း အလင်းရောင်ကို
ဆောင်ညဉ်းပေးနိုင်တယ် ....

ချစ်သူအတွက်ဆို
ကိုယ်က လမင်းမဖြစ်ချင်ပေမယ့်
အမြဲတမ်း ချစ်သူကို ထာဝရ
တစ်ရက်မပျက် အလင်းဆင်မယ့်
ကြယ်လေးတစ်ပွင့်လောက်တော့
ဖြစ်နေချင်တယ်....

အချစ်ဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းတဲ့ တချို့တွေက ပြောသလို
ရယူပိုင်ဆိုင်လိုခြင်းလို့လည်း ဆိုကြပြန်တယ်

ချစ်သူအတွက်ဆိုရင်တော့
အရာရာကို ဖြည့်စွမ်းပေးဆပ်ချင်တဲ့သူပါ
ကိုပါချစ်သူရယ် .....♥♥

No comments:

Post a Comment