ငါချစ်တဲ့ နင် နင်မချစ်တဲ့ငါ
Posted by Nyein Nyein San | 4:17 PM |Labels: poem
ငါချစ်တဲ့ နင် နဲ့ နီးဖို့
ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်။
ငါချစ်တဲ့ နင့်ကို
မစွန့်လွှတ်နိုင်လို့
ငါနားလည်မှု့တွေပေးခဲ့တယ်
ငါချစ်တဲ့ နင့် မျက်နှာအလိုကျ
အလိုက်သိမှု့တွေ ပေးခဲ့တယ်
ငါချစ်တဲ့ နင်နဲ့
မဝေးချင်လို့ နင်လိုသမျှ သည်းခံခဲ့တယ်
ဒါပေမယ့် ငါချစ်တဲ့ နင်က
ငါ့လက်ကိုဖြုတ်ချ ခဲ့တယ်
အခုတော့ ငါချစ်တဲ့ နင်က
ငါ မဟုတ်တဲ့ သူကို
တစ်ဘ၀ လုံးပုံပြီး ချစ်မယ်တဲ့ လား ချစ်သူရယ်...♥♥
Subscribe to:
Post Comments (Atom)
No comments:
Post a Comment